ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ခင်ဝိုင်းကျေးရွာ၊ ခင်ဝိုင်းကျောင်းတိုက် ဦးစီးပဓာန နာယက၊ နိုင်ငံတော်သြဝါဒါစရိယ၊ ဘဒ္ဒန္တဉာဏဝံသ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဝနတ်ထံပျံလွန်တော်မူ

 

 

နေပြည်တော် ဇွန် ၂၈

 

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ခင်ဝိုင်းကျေးရွာ၊ ခင်ဝိုင်းကျောင်းတိုက် ဦးစီးပဓာနနာယက၊ နိုင်ငံတော် သြဝါဒါစရိယ၊ ဘဒ္ဒန္တဉာဏဝံသ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) သက်တော် (၈၀)နှစ်၊ သိက္ခာ (၆၀)ဝါရှိ မဟာထေရ်မြတ်ကြီးသည် ၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် (၆)ရက်၊ ဇွန် ၂၇ ရက်၊ ကြာသပတေးနေ့၊ ည (၆) နာရီ (၇) မိနစ် တွင် ဘဝနတ်ထံပျံလွန်တော်မူကြောင်းနှင့် ၁၃၈၆-ခုနှစ်၊ နယုန် လပြည့်ကျော် (၁၄)ရက် ဇူလိုင် (၅) ရက်၊ သောကြာနေ့၊ မွန်းတည့် (၁၂) နာရီတွင် အန္တိမစျာပန ကျင်းပမည်ဖြစ်ကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိသည်။

(သတင်းစဉ်)