ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ်တွင် ငွေကျပ် ၄ ဒသမ ၄၂၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၉ ဒသမ ၅ သိန်း ဖမ်းဆီးရမိ

နေပြည်တော်၊    မေ    ၃၁

 

ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ်တွင် ငွေကျပ် ၄ ဒသမ ၄၂၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၉ ဒသမ ၅ သိန်း ဖမ်းဆီးရမိ ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၂၈ ရက် နံနက် ၁၀ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ် ရန်ကုန်-ပြည်ကားလမ်း ဆင်မကြပ်ကျေးရွာ အနီးတွင် ထွန်းထွန်းဝင်း မောင်းနှင်ပြီး ထင်ကျော်နှင့် ဟိန်းမင်းမင်း()မှန်လေး တို့လိုက်ပါလာသည့် ၆ ဘီး မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်၌ အုတ်ခဲများဖြင့် ဖုံးအုပ်သယ်ဆောင်လာသော ဆာလာအိတ်များအတွင်းမှ ဒေသကာလတန်ဖိုး ငွေကျပ် ၄ ဒသမ ၄၂၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၉ ဒသမ ၅ သိန်း သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ ညနေ ၄ နာရီခွဲတွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်သည့် ယာဉ်ပိုင်ရှင် ကျော်စွာထွန်း၊ ထွန်းထွန်း() မောင်မောင်နှင့် ရန်နောင်ထွေး ()နောင်နောင်တို့အား ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ပိန္နဲကုန်းကျေးရွာတွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ ရန်ကုန် တိုင်းဒေသကြီးသို့ သယ်ဆောင်ပြီး ယင်းမှတစ်ဆင့် မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့သို့ ဆက်လက်သယ် ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန် သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)