ပဲခူး ဇွန် ၉
ဥပဒေရေးရာဝန်ကြီးဌာန၏ ပြည်သူများအတွက် ကြိုးပမ်းဆောင်ရွက်မှုလုပ်ငန်းစဉ်များတွင် ပါဝင်သော ဥပဒေအရာရှိကျင့်ဝတ်ဆိုင်ရာ တွေ့ဆုံမေးမြန်းခြင်းအခမ်းအနားကို ဇွန် ၆ ရက်က ပဲခူးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဥပဒေချုပ် ဦးခင်မောင်တင့်က ဥပဒေအရာရှိများအနေဖြင့် ဥပဒေအရာရှိ ကျင့်ဝတ်များကို ကောင်းစွာသိရှိလိုက်နာခြင်းဖြင့် ပြည်သူများ၏ ယုံကြည်အားကိုးမှု ပိုမိုရရှိစေရေးကို ဖော်ဆောင်ကြရန် မှာကြားသည်။
ထို့နောက် တိုင်းဒေသကြီးဥပဒေအရာရှိနှင့် ကျင့်ဝတ်ကြီးကြပ်ရေးအဖွဲ့များက ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဥပဒေအရာရှိများအား ဥပဒေရေးရာဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဥပဒေအရာရှိ ကျင့်ဝတ်ဆိုင်ရာများကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


