ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း စံရွေးကျေးရွာအုပ်စုအတွင်းရှိ ဒေသခံများနှင့်တွေ့ဆုံ

သာယာဝတီ   ၂၆  မေ

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများသည် မေ ၂၅ ရက်က သာယာဝတီမြို့နယ် ကျဗြဲပေါက်တံတား တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တံတားတည်ဆောက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းများအတိုင်း တည်ဆောက်နိုင်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

 

5243

 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စံရွေးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာအုပ်စုများ၊ ဖိုးခေါင်ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ပြီး ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် ဝန်ကြီးချုပ်၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် သာယာဝီခရိုင်အတွင်း မေ ၁၅ ရက်မှ ၂၂ ရက်အထိ လေပြင်းတိုက်ခတ်မူကြောင့် အမိုးလန် အဆောက်အဦ ၂၃၉၃ လုံး၊ နေအိမ်ပြိုလဲ အဆောက်အဦ ၂၁၆ လုံးအတွက် ထောက်ပံ့ငွေကျပ် ၁ဝဝ၆၄ဝ၁ဝ ကျပ်ကို ပေးအပ်ခဲ့ကြောင်း သိရသည်။

သန့်ဇော်(ပြန်/ဆက်)