ပဲခူး မေ ၁၈

 

ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အကြို လှုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့်မိဘများ တက်ရောက်ကြသည်။

 

အခမ်းအနားကို ကျောင်းသား ကျောင်းသူများက “မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြား၍ ကျောင်းဝတ်စုံများ၊ စာအုပ်၊ ခဲတံနှင့် ဘောပင်များပေးအပ်သည်။

 

ထို့နောက် ကျောင်းသား ကျောင်းသူများက “ဇာတိမာန်သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြရာ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)