ပဲခူးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်များမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော် ၂၂ မတ် 


ပဲခူးတိုင်းဒေသကြီးအတွင်း မတ် ၁၉ ရက်မှ မတ် ၂၁ ရက်အထိ တရားမဝင်သစ် ရှာဖွေဖမ်းဆီးခြင်း ဆောင်ရွက်ခဲ့ရာ ရေတာရှည်မြို့နယ် ကိုးပင်-သာဂရ ကားလမ်း၊ မိုင်တိုင်(၈/၁)အနီး (၈)မိုင်ရွာတောင်ဘက် (၁)မိုင်ခန့်အကွာမှ တရားမဝင် ကျွန်းခွဲသား (၇ ဒသမ ဝ၅၃၄) တန်၊ ဖြူးမြို့နယ်၊ ကွန်းချောင်းဆည်ရေဝပ်ဧရိယာမှ တရားမဝင်သစ် ကျွန်း/ပျဉ်းကတိုးခွဲသား (၈ ဒသမ ၉၀၆၂) တန်အား ပိုင်ရှင်မဲ့ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။ 

 

1


ထို့အတူ ကျောက်တံခါးမြို့နယ်၊ မြို့ချောင်းကျေးရွာနှင့် အနီးပတ်ဝန်းကျင်အား တရားမဝင်သစ်ရှာဖွေဖမ်းဆီးရာ တရားမဝင်ကျွန်းခွဲသား (၉ ဒသမ ၈၃၆၈)တန်၊ ပျဉ်းကတိုးခွဲသား (ဝ ဒသမ ၂၀၈၄) တန်နှင့် အခြားခွဲသား (၄ ဒသမ ဝ၆၉၂)တန်၊ စုစုပေါင်း (၁၄ ဒသမ ၁၁၄၄)တန်နှင့်  ပြစ်မှုကျူးလွန်သူ (၄)ဦးအား ဖမ်းဆီးရမိခဲ့သည်။


အလားတူ မကွေးတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးဆုံရာ ဆင်ပေါင်ဝဲ၊ အောင်လံ၊ လယ်ဝေး၊ ရေတာရှည်မြို့နယ်များအတွင်း နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့ရာ တရားမဝင် ကျွန်းခွဲသား (၁၈ ဒသမ ဝ၁၈၄)တန်၊ ပျဉ်းကတိုးခွဲသား (၄ ဒသမ ၄၄၈၄) တန်၊ ထောက်ကြံ့ခွဲသား (၁ ဒသမ ၃၁၈၆) တန် စုစုပေါင်း ခွဲသား (၂၃ ဒသမ ၇၈၅၄) တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာန မှသိရသည်။


မောင်လူမော်

 

1