ပဲခူးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော် ၉ ဧပြီ

 

သစ်တောဉီးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများကို နည်းလမ်းမျိုးစုံဖြင့် ရှာဖွေဖမ်းဆီးလျက်ရှိရာ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၄ ရက်မှ ၈ ရက်အတွင်း ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ အရှေ့တောင်ဘက် (၄)မိုင်ခန့်အကွာ တောင်ကုန်းအနီးမှ တရားမဝင် ကျွန်း/ ပျဉ်းကတိုး/ သစ်ဖြူ သစ်/ခွဲသား စုစုပေါင်း ၉ ဒသမ ၇၅၈၈ တန် အားဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ထို့ပြင် ပဲခူးမြို့နယ် တောင်ဇာမရီကြိုးဝိုင်း(ဒေသအခေါ်) မောင်လုံးကွင်းနေရာရှိ ယာဉ်(၂)စီးပေါ်မှ တရားမဝင်ကျွန်း/ ပျဉ်းကတိုးခွဲသား စုစုပေါင်း ၁၂ ဒသမ ၁၅၅၄ တန်နှင့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ် မိုးကုတ်-မန္တလေးကားလမ်း၊ မိုင်တိုင်အမှတ် (၅၈/၃)နှင့် (၅၈/၄)နေရာ၌ ယာဉ်အမှတ်မပါ SKAT (အဖြူရောင်)ယာဉ်ပေါ်မှ တရားမဝင်အင်ခွဲသား ၉ ဒသမ ၅၃၇၂ တန်တို့အား ပိုင်ရှင်မဲ့ဖမ်ဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူများနှင့် ဆက်စပ်ပက်သက်သူများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဉီးစီးဌာနမှ သိရှိရသည်။

 

(သတင်းစဉ်)

 

aa