ပဲခူး ဇွန် ၂၅

 

ပဲခူးတိုင်းဒေသကြီး ပဲခူးတက္ကသိုလ် လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးကြူက ပြည်တွင်းအခွန်များဦးစီးဌာနက ကောက်ခံလျက်ရှိသော အခွန်အကြောင်း သိကောင်းစရာများ ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားပြီး အခွန်ဆိုင်ရာ အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့သည်။

 

အဆိုပါအခမ်းအနားသို့ ပဲခူးတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ် ဆရာမကြီးများ၊ ပါမောက္ခ၊ ဌာနမှူး ဆရာ ဆရာမကြီးများနှင့် ကျောင်းသား ကျောင်းသူများ စုစုပေါင်းအင်အား ၃ဝဝ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)