ပဲမျိုးစုံတင်ပို့မှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အထူးလုပ်ငန်းအဖွဲ့ အစည်းအဝေးကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁၆

 

ပဲမျိုးစုံတင်ပို့မှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း‌ရေးအထူးလုပ်ငန်းအဖွဲ့၏ ညှိနှိုင်း အစည်းအဝေးသို့ ယနေ့ နံနက် ၁၀ နာရီတွင် စီးပွား‌ရေးနှင့် ကူးသန်းရောင်းဝယ်‌ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ အမြဲတမ်းအတွင်းဝန် ဦးမင်းမင်း တက်ရောက်အမှာစကား ပြောကြားသည်။

 

အစည်းအဝေး၌  ၂၀၂၁ ခုနှစ်၊ ဇွန် ၁၈ ရက်တွင် မြန်မာနှင့် အိန္ဒိယနိုင်ငံအစိုးရများအကြား လက်မှတ်ရေး ထိုးခဲ့သည့် မတ်ပဲနှင့် ပဲစင်းငုံကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအရ မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ မတ်ပဲနှင့် ပဲစင်းငုံ တင်ပို့သည့် ကိစ္စနှင့်ပတ်သက်၍ အဓိကထားဆွေးနွေးခဲ့ကြပြီး၊ အဆိုပါ နားလည်မှုစာချွန်လွှာအရ မြန်မာနိုင်ငံမှ နှစ်စဉ် မတ်ပဲတန်ချိန်(၂ ဒသမ ၅) သိန်းနှင့် ပဲစင်းငုံတန်ချိန် (၁)သိန်းတို့ကို ပုဂ္ဂလိကကုန်သွယ်မှုမှတစ်ဆင့်  နောင်ဘဏ္ဍာနှစ် ၅ နှစ်၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်(ဧပြီလမှ မတ်လ)အတွင်း အိန္ဒိယနိုင်ငံသို့ တင်ပို့သွားရမည်ဖြစ်သည်။

 

အိန္ဒိယနိုင်ငံသို့ G to G MoU အရ ပဲတင်ပို့မှုလွယ်ကူ လျင်မြန်စေရေးနှင့် စနစ်တကျ တင်ပို့နိုင်ရေးဆိုင်ရာ ကြီးကြပ်မှုလုပ်ငန်းအဖွဲ့ ဖွဲ့စည်းပြီးဖြစ်ရာ MOU အရ နှစ်နိုင်ငံ Joint Monitoring Committee အစည်းအဝေး မကျင်းပမီ နှစ်ဘက်ကြိုတင် ညှိနှိုင်းအစည်းအဝေးတစ်ခုကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ကုန်ပိုင်းအတွင်း ကျင်းပသွားရန် အိန္ဒိယဘက်နှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်သည် မြန်မာ့ပဲမျိုးစုံ တင်ပို့မှုသမိုင်းတွင် အမြင့်ဆုံးဖြင့်  တန်ချိန် (၂)သန်းကျော်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁ ဒသမ ၅၇)ဘီလီယံ ရရှိခဲ့သဖြင့် ယင်းအခြေအနေကို စဉ်ဆက်မပြတ်တင်ပို့နိုင်ရန် Product Diversification နှင့် Market Diversification ဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြပြီး ညွှန်ကြား ရေးမှူးချုပ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းဥက္ကဋ္ဌနှင့်  အသင်းအဖွဲ့များမှ တာဝန်ရှိသူပုဂ္ဂိုလ်များ၊ ကျွမ်းကျင်သူ များ၊ ပဲစိုက်ပျိုးကြောင်း သိရသည်။

(သတင်းစဉ်)