ပွဲဦးထွက်အနိုင်ရထားသည့် မြန်မာ ယူ-၁၅ အမျိုးသမီးအသင်း အိုက်စလန်နှင့် မနက်ဖြန် ကစားရမည်

၂ စက်တင်ဘာ 


၂၀၁၉ ဗီယက်နမ် ယူ-၁၅ အမျိုးသမီးဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ အုပ်စုဒုတိယနေ့ကို စက်တင်ဘာ ၃ ရက်နေ့တွင်  ဆက်လက်ကျင်းပမည်ဖြစ်ပြီး ပွဲဦးထွက်ပွဲအနိုင်ရထားသည့် မြန်မာ ယူ-၁၅ အမျိုးသမီးအသင်းသည် ဥရောပအသင်းဖြစ်သော အိုက်စလန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ 


စက်တင်ဘာ ၁ ရက်က ကျင်းပသည့် ပထမနေ့ပွဲစဉ်များတွင် မြန်မာအသင်းက အိမ်ရှင် ဗီယက်နမ်ကို သုံးဂိုး-ဂိုးမရှိ၊ အိုက်စလန်အသင်းက ဟောင်ကောင်အသင်းကို ရှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ မြန်မာ ယူ-၁၅ အမျိုးသမီးအသင်းသည် အဖွင့်ပွဲတွင် ခြေစွမ်းပြကစားနိုင်ခဲ့ပြီး အိမ်ရှင်အသင်းကို ဂိုးပြတ်သွင်းယူခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းအတွက် ဂိုးများကို သီဂီထွေးက ၁၊ ၃၁ မိနစ်တွင် နှစ်ဂိုးနှင့် ဆုမြတ်နိုးက ၇၉ မိနစ်တွင် တစ်ဂိုးတို့ သွင်းယူခဲ့သည်။ 


ယင်းပြိုင်ပွဲတွင် အိမ်ရှင်ဗီယက်နမ်၊ မြန်မာ၊ အိုက်စလန်နှင့် ဟောင်ကောင်အသင်းတို့ ပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်ကစားနေပြီး စက်တင်ဘာ ၃ ရက်တွင် ကျင်းပမည့် ဒုတိယနေ့တွင် မြန်မာအသင်းနှင့် အိုက်စလန်အသင်း၊ဟောင်ကောင်အသင်းနှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။


သတင်း-ရဲရင့်ရှိုင်း


ဓာတ်ပုံ-ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်

 

e 69968