နေပြည်တော် ဇွန် ၂၂
အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိကြသည့် PDF အမည်ခံ အကြမ်းဖက်သမားများသည် ယနေ့ မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ဖူလုံကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း (ဖူလုံ) အား Drop Bomb များဖြင့် အကြောင်းမဲ့ ပစ်ချတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ကျောင်းဝင်းအပြင်ဘက် မျက်နှာစာနေရာတွင် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ အဆိုပါဗုံးသီး ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် လူနှင့် အဆောက်အအုံ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရှိရသည်။
PDF အမည်ခံ အကြမ်းဖက်သမားများသည် ယခုကဲ့သို့ စစ်ရေးနှင့် သက်ဆိုင်သော ပစ်မှတ်များမဟုတ်ဘဲ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေသည့် ပညာရေးဆိုင်ရာ အဆောက်အအုံများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှုကျူးလွန်ခြင်း ဖြစ်ပြီး အဆိုပါအကြမ်းဖက် လုပ်ရပ်အပေါ် ဒေသခံပြည်သူများက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


