ပျောက်ဆုံးနီပေါလေယာဉ်၏ အပျက်အစီးများ ရှာဖွေတွေ့ရှိ

ကတ္တမန္ဒူ မေ ၃၀

 

မေ ၂၉ ရက်အစောပိုင်းက လူ ၂၂ ဦးနှင့်အတူ ပျောက်ဆုံးသွားသည့် နီပေါလေယာဉ်၏ အပျက်အစီးများကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း နီပေါတပ်မတော်က ယနေ့နံနက်ပိုင်းတွင် ကြေညာသည်။

 

တာရာလေကြောင်းလိုင်းကုမ္ပဏီမှ ပျောက်ဆုံးလေယာဉ်သည် မူစတန်ခရိုင်ရှိ ကျေးလက်ဒေသတစ်ခုတွင် ပျက်ကျ ခဲ့ခြင်းဖြစ်ပြီး လေယာဉ်၏ အပျက်အစီးများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း နီပေါတပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်နာရာယန်ဆီလ်ဝါလ်က ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြထားသည်။ 

 

အိန္ဒိယနိုင်ငံသားလေးဦးနှင့် ဂျာမနီနိုင်ငံသားနှစ်ဦးအပါအဝင် ခရီးသည် ၁၉ ဦးနှင့် လေယာဉ်အမှုထမ်းသုံးဦးတို့ လိုက်ပါလာသည့်အင်ဂျင်နှစ်လုံးတပ် အသေးစားလေယာဉ်သည် မေ ၂၉ ရက် နံနက်ပိုင်းက ပိုခါရာမြို့မှ မူစတန် ခရိုင်ရှိ တောင်ထူထပ်သောဂျွမ်ဆွမ်မြို့သို့ ဦးတည်ပျံသန်းနေစဉ် ပျောက်ဆုံးသွားကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ