“ပျော်ရွှင်ဆင်နွှဲ တိုင်းရင်းသားရိုးရာပွဲ” ရောင်စုံဓာတ်ပုံပြိုင်ပွဲ ဆုရရှိသူများစာရင်း ထုတ်ပြန်

၁၉ မေ  

 

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုဓလေ့ထုံးထမ်းများကို ဖော်ထုတ်ရန်ရည်ရွယ်၍ စီစဉ်ကျင်းပပြုလုပ်သည့် “ပျော်ရွှင်ဆင်နွှဲ တိုင်းရင်းသားရိုးရာပွဲ” ရောင်စုံဓာတ်ပုံပြိုင်ပွဲကို ဖိတ်ခေါ်ကျင်းပခဲ့ပါသည်။ ပြိုင်ပွဲတွင် တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးထမ်းများကို ပေါ်လွင်ထင်ဟပ်စေသော ယဉ်ကျေးမှုပွဲတော်များ၊ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုများနှင့် ပူးပေါင်းဆောင်ရွက်သော ပွဲတော်များကို ဖော်ညွှန်းရိုက်ကူးထားသည့် ဓာတ်ပုံများဖြင့် ပါဝင်ယှဉ်ပြိုင်စေပြီး  မြန်မာနိုင်ငံအနှံ့အပြားမှ ဓာတ်ပုံပညာရှင် (၂၀၆) ဦးက ပြိုင်ပွဲဝင်ဓာတ်ပုံ (၇၂၉) ပုံကို ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။

 

အဆိုပါ ပြိုင်ပွဲ၏ ဆုများစိစစ်အကဲဖြတ်ဆောင်ရွက်ခြင်းကို (၁၉-၅-၂၀၁၉) ရက်နေ့တွင် ဆောင်ရွက်ခဲ့ရာ ပထမဆု ဝဏ္ဏ(မန်းတက္ကသိုလ်)၊ ဒုတိယဆု သန်းနိုင်ဉီး(ပြန်/ဆက်)၊တတိယဆု ကျော်နိုင်လင်း(လရိပ်ပြာ) တို့က ရရှိခဲ့ကြပါသည်။ နှစ်သိမ့်ဆုများအဖြစ် ကျော်နိုင်လင်း(လရိပ်ပြာ)၊စိုင်းသူ(တောင်ကြီး)၊ သန်းနိုင်ဉီး(ပြန်/ဆက်)၊ ခင်မောင်လွင်နှင့် ကိုမြင့်သန်း(ငွေကြယ်မင်း)တို့က အသီးသီးရရှိကြသည်။ ဆုများရရှိသူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနက ဆုများ ထိုက်တန်စွာ ချီးမြှင့်သွားမည်ဖြစ်ကြောင်းနှင့် ဆုပေးပွဲကျင်းပမည့်ရက်အား ထပ်မံအသိပေးအကြောင်းကြားမည်ဖြစ်ကြောင်း တင်းရရှိသည်။

 

သတင်းစဉ်