ပေါ့ဘာအား စာချုပ်သစ်ချုပ်ဆိုရေး မန်ယူအသင်း ဆွေးနွေးမှုများပြုလုပ်မည်

၂၄  စက်တင်ဘာ
မန်ယူအသင်းဟာ ကွင်းလယ်ကစားသမား ပေါ့ဘာကို စာချုပ်သစ်ချုပ်ဆိုဖို့အတွက် ပေါ့ဘာရဲ့ ကိုယ်စားလှယ်ဖြစ်သူနဲ့ ဆွေးနွေးမှုတွေပြုလုပ်ဖို့ စီစဉ်လျက်ရှိပြီး လာမယ့်ရက်ပိုင်းအတွင်း အကောင်အထည်ဖော်မယ်လို့လည်း ဆိုပါတယ်။
ကွင်းလယ်ကစားသမား ပေါ့ဘာရဲ့စာချုပ်သက်တမ်းဟာ နှစ်နှစ်ကျန်ရှိနေသေးပေမယ့် မန်ယူအသင်းက စာချုပ်သစ်ချုပ်ဆို သွားမယ်လို့ဆိုပါတယ်။ မန်ယူအသင်းဟာ ပေါ့ဘာကို ၂၀၁၆ ခုနှစ်အတွင်းက ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၈၉ ဒသမ ၃ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး စာချုပ်သက်တမ်း တိုးဖို့အတွက်၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွေ ကျင်းပစဉ်ကတည်းက စီစဉ်ထားခဲ့တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
မန်ယူအသင်းဟာ လက်ရှိမှာ ဂိုးသမား ဒီဂီယာကို စာချုပ်သက်တမ်းတိုးထားပြီး ဗဟိုနောက်တန်းကစားသမား လင်ဒီလော့ဖ်ကိုလည်း စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။
ငွေကြယ်