ပေါက်မြို့နယ် မုန်ကုန်းကျေးရွာ၌ ဘဝတက်လမ်း စာကြည့်တိုက်ဖွင့်

ပေါက်မြို့နယ် မုန်ကုန်းကျေးရွာ၌ ဘဝတက်လမ်း စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၂ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းဝင်းက အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်   ဒေါ်မြင့်စန်းက အခုလို စာကြည့်တိုက်များဖွင့်ပြီး ပြည်သူတွေ တစ်စိုက်မတ်မတ် စာဖတ်ကြရန်နှင့် စာဖတ်ရှိန်မြှင့်တင်ကြရန်၊ သို့မှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ကူညီရာရမှာဖြစ်ကြောင်း ပြောကြားသည်။

 

အဆိုပါ စာကြည့်တိုက်ကို အနာဂတ်လူငယ်များ စာပေဖတ်ရှုကာ အသိပညာ ဗဟုသုတများ ပိုမိုရရှိလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး စာကြည့်တိုက်ကို လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်စန်းနှင့် တာဝန်ရှိသူများမှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

 

စာကြည့်တိုက်ဖွင့်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက စာကြည့်တိုက်အတွက် စာအုပ်စာပေများကို လှူဒါန်းခဲ့ကြောင်း သိရသည်။

 

(မြို့နယ် ပြန်/ဆက်)