ပေါင်မြို့နယ်၌ စားသုံးဆီများ ကုန်အညွှန်းအမှတ်သား ပြည့်စုံမှန်ကန်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ပေါင် ဇွန် ၂၅

 

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း စားသုံးဆီများ ကုန်အညွှန်းအမှတ်သား ပြည့်စုံမှန်ကန်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့တို့က ယနေ့နံနက် ၁၀ နာရီက မြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များတွင် လိုက်လံကွင်းဆင်းစစ်‌ဆေးခဲ့ကြသည်။

 

ထိုသို့စစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများပူးပေါင်းကာ ပေါင်းရပ်ကွက်၊ ကဒါရပ်ကွက်၊ ကဒုံစီးရပ်ကွက်ရှိ ကုန်စုံဆိုင်များသို့ သွားရောက်၍ စားသုံးဆီများတွင် ကုန်အညွှန်းအမှတ်သား ပြည့်စုံမှန်ကန်မှုရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို လိုက်လံစစ်ဆေးပြီး အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

မွန်မလေး(ပြန်/ဆက်)