ပေါင် ဇူလိုင် ၈

 

မွန်ပြည်နယ် ပေါင်မြို့နယ် သစ်တောဦးစီးဌာနက မိုးရာသီ သစ်ပင်စိုက်ပျိုးရေး၊ သစ်တောဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့က အထက(ဆင်ဖြူရပ်) ၌ ပြုလုပ်သည်။

 

ဆွေးနွေး

ဦးစွာ သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးဇော်လွင်ဦးက လက်ရှိဖြစ်ပေါ်နေသည့် ကမ္ဘာကြီး၏ အခြေအနေနှင့် မြန်မာနိုင်ငံတွင် ထွက်ရှိသည့်သစ်အမျိုး အစား၊ သစ်ပင်များ ဆက်လက် စိုက်ပျိုးထားမှုအခြေအနေ၊ သစ်ပင်/သစ်တောမှရရှိသော အကျိုးကျေးဇူးများအကြောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်းတို့ကို ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

မွန်မလေး(ပြန်/ဆက်)