ပေါင် ဇွန် ၉

 

မွန်ပြည်နယ် ပေါင်မြို့နယ် အထက ထန်းပင်ချောင်ကြီးကျောင်း၌ ဥပဒေရေးရာနှင့် မှုခင်းကျဆင်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်သည်။

 

ဦးစွာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်မြင့်ထွန်းက မှုခင်းကျဆင်းရေး၊ ပေါင်မြို့နယ် ဥပဒေအရာရှိ ဦးမျိုးထက်ကျော်က ကလေးအလုပ်သမား ပပျောက်ရေး၊ ပေါင်မြို့မစခန်းမှူး ဒုတိယရဲမှူး ကျော်စိုးသန်းက လူကုန်ကူးမှု တားဆီးကာကွယ်ရေး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက စာဖတ်ခြင်း၏အကျိုးကျေးဇူး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နှင်းထက်ထက်ဟန်က သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်မေသီတာစိုးက ရာသီတုပ်ကွေး ရောဂါတို့နှင့်ပတ်သက်၍ အသိပညာပေးဟောပြောပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မွန်မလေး(ပြန်/ဆက်)