ပေါင်မြို့နယ်တွင် အချိန်ကြာမြင့်စွာ ရပ်တန့်ထားသော ပိုင်ရှင်မဲ့မော်တော်ယာဉ်တစ်စီး တွေ့ရှိ

ပေါင် ၁၆ ဇန်နဝါရီ  


သထုံခရိုင်၊ ပေါင်မြို့နယ်၊ ရင်းငြိမ်မြောက်ကျေးရွာ ဘောလုံးကွင်းအနီးတွင် ဇန်နဝါရီ ၁၅ ရက် နံနက် ၅ နာရီက မော်တော်ယာဉ်တစ်စီးမှာ အချိန်ကြာမြင့်စွာ ရပ်တန့်ထားကြောင်း သတင်းအရ ရင်းငြိမ်ရဲကင်းစခန်းမှူး ဒုရဲအုပ် အောင်ဌေးနှင့် တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ ယာဉ်အမှတ် YG-----APHARD အမျိုးအစား အဖြူရောင်ယာဉ်အား ပိုင်ရှင်မရှိဘဲ တွေ့ရှိခဲ့ကြောင်း သိရသည်။


ယာဉ်ပိုင်ရှင်အား အနီးအနားပတ်ဝန်းကျင်တွင် နံနက် ၈ နာရီအထိ စုံစမ်းမေးမြန်းမရခြင်း၊ ၎င်းယာဉ်နှင့် ပတ်သက်သော ယာဉ်မှတ်ပုံတင် အထောက်အထားများ ယာဉ်ပေါ်တွင် ရှာဖွေမတွေ့ရှိခြင်းကြောင့် ပိုင်ရှင်မဲ့ယာဉ်နှင့် ပတ်သက်၍ ယာဉ်မှတ်ပုံတင် ထားခြင်းရှိ/မရှိကို ကညနရုံးသို့ မေးမြန်းကာ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပေါင်မြို့မရဲစခန်းမှ သိရသည်။


ကိုဟိန်း(ပေါင်)