ပေါင်မြို့နယ်တွင် ကျောင်းသူနှစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွား

ပေါင် ၂၁ ဇွန်

 

သထုံခရိုင် ပေါင်မြို့နယ် မုတ္တမကျေးရွာ ဇင်းဘာရပ်ကွက်တွင် အသက်(၉)နှစ်အရွယ်နှင့် (၇)နှစ်အရွယ်ရှိ ကျောင်းသူနှစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ပေါင်မြို့မရဲစခန်းမှ သိရသည်။

 

ဖြစ်စဉ်မှာ မုတ္တမကျေးရွာ ဇင်းဘာရပ်ကွက်နေ ဦးငွေဌေး၏ နေအိမ်ခြံဝင်းအတွင်းရှိ ရေကန်အတွင်း မဖြူနှင်းဝေ (၉)နှစ်၊ မသူသူဟန် (၇)နှစ် ကျောင်းသူနှစ်ဦး ရေနစ်သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် ၎င်းတို့ မိဘအုပ်ထိန်းသူတို့ကို မေးမြန်းခဲ့ရာ ဇွန် ၂၀ ရက် မွန်းလွဲပိုင်းခန့်တွင် လယ်ထဲသို့သွားနေစဉ် နေအိမ်၌ မဖြူနှင်းဝေနှင့် မသူသူဟန်တို့နှစ်ဦးသာ ကျန်နေခဲ့ပြီး ညနေ ၄ နာရီခန့်တွင် ၎င်းတို့ နေအိမ်သို့ ပြန်လည်ရောက်ရှိချိန်မှာ ကလေးနှစ်ဦးအား မတွေ့ရှိသဖြင့် လိုက်လံရှာဖွေခဲ့ရာမှ နေအိမ်အနီးရှိ ရေကန်အတွင်းတွင် ရေနစ်သေဆုံးနေကြောင်းကို တွေ့ရှိခဲ့သည်ဟု ကလေးမိဘမှ ပြောပြခဲ့သည်။

 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ်ကို သက်ဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကိုဟိန်း(ပေါင်)