ပေါင်းတည်မြို့၌ မော်တော်ဆိုင်ကယ်တိမ်းမှောက်ရာမှ အမျိုးသားတစ်ဦး သေဆုံး

ပေါင်းတည်  ၅   သြဂုတ်  


ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါင်းတည်မြို့၌  ယနေ့နံနက် ၉ နာရီခွဲအချိန်ခန့်က ကြူတောကန်အုပ်စု နတ်ပုတီးကျေးရွာ နတ်ပုတီး-သရက်ချဉ်ကျေးရွာချင်းဆက် မြေနီလမ်းမပေါ်၌ ချမ်းမြေ့အောင်(ခ)ဖိုးချမ်းသည် ဆိုင်ကယ်ကို တစ်ဦးတည်းမောင်းနှင်လာစဉ် အရှိန်မထိန်းနိင်ဘဲ တိမ်းမှောက်သွားခဲ့သဖြင့် ရရှိဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ မော်တော်ဆိုင်ကယ်အား မဆင်မခြင်မောင်းနှင်သူ ချမ်းမြေ့အောင်(ခ)ဖိုးချမ်းအား ပေါင်းတည်မြို့မရဲစခန်းမှ အမှုဖွင့်လှစ်ထားကြောင်း သိရသည်။


တင်ဝင်းဇော်(မင်းသားကြီး)