ပေါင်းတည်မြို့နယ် ပြည်သူ့ဆေးရုံ၌ အငြိမ်းစားဝန်ထမ်းများအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေး 

 

ပေါင်းတည် ဇွန် ၂၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ပြည်သူ့ဆေးရုံ၌ ဇွန် ၂၁ ရက် နံနက်ပိုင်းက အငြိမ်းစားဝန်ထမ်းများအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို ယခုလအတွက် ဆက်လက်ဆောင်ရွက်ပေးကြကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို ပဲခူးတိုင်းဒေသကြီးအစိုးရမှ ဦးဆောင်ညွှန်ကြားမှုနှင့်အတူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတို့ ပူးပေါင်းမှုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုဆောင်ရွက်မှုကို မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သန်းသန်းချစ်နှင့် ဒေါက်တာ ကျော်သူရထွန်းတို့က အနီးကပ်ကြီးကြပ်ကာ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစမ်းသပ်စစ်ဆေးပေးခြင်း၊ လိုအပ်သည့်ဆေးဝါးများ ထောက်ပံ့ပေးခြင်း၊ ထိုးနှံပေးခြင်းနှင့် ကျန်းမာရေးလေ့ကျင့်ခန်းများ ပြုလုပ်ပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေးစောင့်ရှောက်ပေးခြင်းလုပ်ငန်းကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်မှ စတင်၍ စဉ်ဆက်မပြတ် လစဉ်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ရွှေသား(ပြန်/ဆက်)