ပေါင်းတည်မြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ

ပေါင်းတည်  ဧပြီ  ၂၁

 

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ် ပြည်သူ့ဆေးရုံတွင် ယနေ့ နံနက်ပိုင်းက အငြိမ်းစား ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာ သန်းသန်းချစ်နှင့် ကျန်းမာရေးဝန်ထမ်းများက ဝန်ထမ်းများအား ပဉ္စမအကြိမ် ထိုးနှံနိုင်ရေးအတွက် Sinopharm ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးခြင်းဖြစ်ကြောင်း၊ ယင်းအပြင် အကြိမ်ပြည့် ထိုးနှံနိုင်ရေးအတွက် တတိယအကြိမ်၊ စတုတ္ထအကြိမ် ဆေးထိုးနှံမှုများကိုလည်း ဆက်လက် ထိုးနှံဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့တွင် အငြိမ်းစားဝန်ထမ်း ၃၁ ဦးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။

သူရကြီး (ပြန်/ဆက်)