ဖား​ဆောင်းမြို့၌ မိုးရာသီ စု​ပေါင်းသစ်ပင် စိုက်ပျိုးပွဲကျင်းပ

ဖား​ဆောင်း       ဇူလိုင်       ၂

 

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကို ဇူလိုင် ၂ ရက် နံနက်ပိုင်းက ရတနာစျာန်​အောင်​စေတီအနီးရှိ စိုက်ကွင်း၌ ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် မြို့နယ်သစ်​တော ဦးစီးဌာနမှ  ဦးစီးမှူး ဦးမြင့်ဦးက ​မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးသက်မြင့်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိ မြို့ဖများ၊​​ကျောင်းသား ​ကျောင်းသူများထံ ကျွန်း၊ ပျဉ်းကတိုးနှင့် အရိပ်ရပျိုးပင်များကို ဖြန့်​ဝေ​ပေးကြပြီး မြို့နယ်အုပ်ချုပ်​ရေးမှူး၊ မြို့နယ်သစ်​တောဦးစီးမှူးနှင့် တာဝန်ရှိသူများက မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အထိမ်းအမှတ် ပျိုးပင် ၁၀၀ ကျော်ကို သတ်မှတ်​နေရာများတွင် အသီးသီးစိုက်ပျိုး​ပေးခဲ့ကြသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)