ဖားကန့်၊ ကော့သောင်း၊ ကျောက်ပန်းတောင်း၊ လားရှိုးမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၂၂ မတ် 


မူးယစ်တပ်ဖွဲ့စု(၃) မိုးညှင်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၂၁ ရက် ညနေ ၄ နာရီခွဲက ဖားကန့်မြို့၊ ငှက်ပျောတောရပ်ကွက်၊ ရှမ်းပိုင်းလမ်းကြား၊ အမှတ်(င/၁၀၆/ဂ)နေ ညိုသန်း၏ နေအိမ်ကိုဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၈၃၀၊ အဆင့်နိမ့်ဘိန်း ၅၅ ဂရမ်တို့ကို သိမ်းဆည်းရမိသည်။
    

အလားတူ မတ် ၂၀ ရက် ညနေ ၃ နာရီခွဲက ကော့သောင်းမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်နေ အောင်မျိုးဦး (ခ) ဖာလု၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၀ဝ၊ စိတ်ကြွရူးသွပ်ဆေးပြား အကြေမှုန့် ၂၀ ဂရမ်၊ ဘိန်းစာမှုန့် ၃၀ ဂရမ်၊ ဆေးခြောက် ၁၀ ဂရမ်၊ မြန်မာငွေကျပ် ၁၁၈၇၅၀ဝ၊ ထိုင်းနိုင်ငံသုံးငွေဘတ် ၁၂၅၀ဝ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကိုလည်းကောင်း၊
    

ထို့အတူ မတ် ၂၁ ရက် နံနက်ပိုင်းက ကျောက်ပန်းတောင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောက်ပန်းတောင်းမြို့၊ သာယာရေးရပ်ကွက်နေ ဇင်ကိုလတ်၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၁၄၃၄ ပြား၊ ငွေကျပ် ၂၆၁၅၀ဝ နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို လည်းကောင်း၊ ထို့အတူ ယင်းနေ့ မွန်းလွဲ ၁ နာရီက မူးယစ်တပ်ဖွဲ့စု (၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ်၊ ကောင်းကျဲကျေးရွာအုပ်စု၊ ကောင်းတပ်ကျေးရွာနေ ပါရီ၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ၎င်း၏အိပ်ခန်းအတွင်းနှင့် နေအိမ်ရှိဂိုဒေါင်အတွင်းတို့မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၁၇၀၊ ဘိန်းဖြူ ၉၆ ဂရမ်နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။


MDN