ဖားကန့်မြို့အနီး အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်

၂၆ ဇူလိုင်

 

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၂၆)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၇)နာရီ၊ (၁၀)မိနစ်၊ (၅၇)စက္ကန့် အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်မြောက်ဘက် မိုင် (၇၀)ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဖားကန့်မြို့၏ မြောက်-အရှေ့မြောက်ဘက် (၂၅)မိုင် ခန့်အကွာ)၊ မြောက် လတ္တီတွဒ် (၂၅.၉၆)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၄၅)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၆) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။

 

Crd > မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန