ဖားကန့်မြို့အနီးကို ဗဟိုပြု၍အင်အားအနည်းငယ်ရှိသော မြေငလျင်လှုပ်ခတ်

နေပြည်တော် ၃ သြဂုတ်
 
ယနေ့ ညနေ ၆ နာရီ  ၄၉ မိနစ်တွင် ဖားကန့်မြို့၏ အရှေ့တောင်ဘက် (၁၂)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည်။

အဆိုပါ ငလျင်သည် မြောက်လတ္တီတွဒ် (၂၅.၄၃)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၃၆) ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့သည်။

MDN