ဖားကန့်မြို့၏ အရှေ့မြောက်ဘက် ၅ မိုင်ခန့်အကွာတွင် မြေငလျင်လှုပ်ရှားခဲ့

၁၃  သြဂုတ်

ယနေ့နံနက် မြန်မာစံတော်ချိန် ဝ၇ နာရီ ၁၀ မိနစ် ၄၉ စက္ကန့် အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်ဘက် ၇၁ မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဖားကန့်မြို့၏ အရှေ့မြောက်ဘက် ၅ မိုင်ခန့်အကွာတွင် မြောက်လတ္တီတွဒ် (၂၅ ဒသမ ၆၇) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆ ဒသမ ၃၆) ဒီဂရီ၊ အနက် (၁၂)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃ ဒသမ ၃) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားမှုအား တိုင်းထွာရရှိခဲ့ကြောင်း မိုးလေဝသနနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

MDN