ဖားကန့်မြို့နှင့် မိုးကုတ်မြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၂၂ ဇန်နဝါရီ 

 

မူးယစ်တပ်ဖွဲ့စု(၃) မိုးညှင်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၁ ရက် ညနေ ၅ နာရီက ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ကျောက်သွေးတောင် ဘုန်းကြီးကျောင်းလမ်းတွင် မော်တော်ဆိုင်ကယ် မောင်းနှင်လာသူ ချန်းယော် (ခ) ခွန်အောင်အား ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၂၀ဝ၀ သိမ်းဆည်းရမိပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ဆိပ်မူကျေးရွာရှိ ၎င်း၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၇၆၀ဝ၀ နှင့် ဘိန်းဖြူ ဝ ဒသမ ၉၉ ကီလို ထပ်မံသိမ်းဆည်း ရမိခဲ့သည်။ 

 

အလားတူ ယင်းနေ့နံနက် ၁၀ နာရီက မူးယစ်တပ်ဖွဲ့စု(၁၆) ပြင်ဦးလွင်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးကုတ်မြို့နယ်၊ လယ်ကြီးတံတား ရဲကင်းအနီးတွင် ဘရန်ဆိုင်း မောင်းနှင်ပြီး ဇော်ဒွဲ (ခ) မာဒွဲ လိုက်ပါလာသည့် Mitsubishi Pajero အမျိုးအစားမော်တော်ယာဉ်အား ရပ်တန့်ရှာဖွေရာ ဆပ်ပြာခွက် ၂၄၉ ခွက်ဖြင့် ထည့်ထားသည့် ဘိန်းဖြူ ၂ ဒသမ ၄၉ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၄၀၊ အဆင့်နိမ့်ဘိန်း ဝ ဒသမ ဝ၁၆ ကီလို၊ လက်ကိုင်ဖုန်းသုံးလုံးနှင့် မြန်မာငွေကျပ် ၄ ဒသမ ဝ၅ သိန်းတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

 

MDN