ဖားကန့်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သင်တန်းများ အခမဲ့ ဆက်လက်ဖွင့်လှစ်ပေးရန် စီစဉ်လျက်ရှိ

ဖားကန့်   ၄ ဇွန်

 

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရေးအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများ အခမဲ့ ဆက်လက်ဖွင့်လှစ်ပေးရန် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

"ကျွန်တော်တို့ ဌာနအနေနဲ့ ၂၀၁၈ ခုနှစ် မေလအတွင်းက ဆိပ်မူကျေးရွာအုပ်စု ယူမာကျေးရွာမှာ ကျောက်သွေးကျောက်ဖြတ် အတတ်ပညာသင်တန်းတစ်ကြိမ် သင်တန်းကာလနှစ်ပတ်ကြာ ဖွင့်လှစ်ပေးခဲ့ပြီး ဖြစ်ပါတယ်။ ဖားကန့်ဒေသရဲ့ ကျောက်စိမ်းတူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်း၊ ကျောက်စိမ်းအရောင်းအဝယ် လုပ်ငန်းတွေနဲ့ ဆက်စပ်ကိုက်ညီတဲ့ သင်တန်းဖြစ်လို့ လူငယ်လူရွယ် ၃၀ စိတ်ပါဝင်စားစွာ တက်ရောက် သင်ယူခဲ့ကြပါတယ် " ဟု ဖားကန့်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးသန်းက ပြောသည်။

 

(ဝင်းအောင်)