ဖာပွန်မြို့ ဝှေဆန်ကျေးရွာ၌ မီးလောင်မှုဖြစ်ပွား

ဖာပွန် ၂၅  မတ်

 

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ်တွင် ယနေ့နံနက် ၁၀ နာရီ ၁၅ မိနစ်က ဖာပွန်မြို့၊ ဝှေဆန် ကျေးရွာတွင် မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်ကျွမ်းမှုကြောင့် (၂၅'×၁၀')၊ ဝါးခင်း ဓနိမိုးအိမ် (၁)အိမ်နှင့် (၁၅'×၁၀')ဓနိမိုး၊ ဝါးထရံကာ(၁)အိမ်ဝါးခင်းအိမ်အား အမိုးနှင့်ထရံအကာ အိမ်တို့ မီးလောင် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

201584

 

 ဖြစ်စဉ်မှာ ဖာပွန်မြို့နယ်၊ ဝှေဆန်ကျေးရွာနေ အိမ်ရှင် ဦးအောင်မြခိုင် ပိုင်ဆိုင်သော (၂၅'×၁၀') ဝါးထရံကာ ဓနိမိုးနေအိမ်တွင် မီးကြွင်းမီးကျန်မှတစ်ဆင့် ဘေးထရံကာဝါးများသို့ မီးကူးစက် လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

 

 အဆိုပါမီးလောင်ရာနေရာသို့ မြိုနယ်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်အောင်နှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဖာပွန်မြို့မ ရဲစခန်းမှ  နယ်ထိန်းအရာရှိ ဒုရဲအုပ် စောမိုးမြင့်လှိုင်နှင့် တပ်ဖွဲ့ဝင်များက မီးသတ် ယာဉ်တစ်စီးဖြင့် ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ ၁၀ နာရီ ၄၅ မိနစ် အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

 

စိုင်းကျော်ဝဏ္ဏ၊တိုးဝေဇင်(ပြန်/ဆက်)

 

11425