ဖာပွန်မြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာများအတွက် အောက်ဆီဂျင်၊ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်း

 

ဖာပွန် ဇူလိုင် ၁၀

 

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ကိုဗစ်-၁၉ အတည်ပြု လူနာများအတွက် အောက်ဆီဂျင်၊ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို ဇူလိုင် ၉ ရက်က သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

 

သွားရောက်လှူဒါန်းရာတွင် ကိုဗစ်-၁၉ရောဂါ ရန်ပုံငွေရှာဖွေရေးအဖွဲ့မှ အလှူရှင်များ လှူဒါန်းသည့် အလှူငွေများဖြင့် အောင်ဆီဂျင်၊ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူပြီး ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက် လှူဒါန်းခဲ့ခြင်းဖြစ်ရာ တာဝန်ရှိသူများက လက်ခံခဲ့သည်။

mdn

 

ဖာပွန်မြို့တွင် ဇူလိုင် ၉ ရက်အထိ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ လူနာ အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၂၄ ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူများအား ဖာပွန်ခရိုင် ပြည်သူ့ဆေးရုံရှိ Quaratine Centre ၌ သီးသန့်ထားရှိထားကြောင်း၊ ၎င်းတို့နှင့် ထိတွေ့ခဲ့သူများအား စုံစမ်းရှာဖွေဖော်ထုတ်၍ အသွားအလာ  ကန့်သတ်ထားရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရှိရသည်။

 

မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအနေဖြင့်လည်း သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်း၍ ကျန်းမာရေးဝန်ကြီးဌာနက လမ်းညွှန်ထားသော လမ်းညွှန်ချက်များနှင့်အညီ ရပ်ကွက်များအလိုက် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အပြင်ထွက်တိုင်း နှာခေါင်းစည်း တပ်ဆင်ရေး အစရှိသော ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များအား လိုက်နာဆောင်ရွက်ကြရန် လိုက်လံအသိပေး နှိုးဆော်လျက် ရှိကြောင်းသိရှိရသည်။

 

စိုင်းကျော်ဝဏ္ဏ(ပြန်/ဆက်)