ဖြစ်ရပ်မှန်ဇာတ်လမ်း မရိုက်ဖူးသေးကြောင်း အကယ်ဒမီ ခိုင်သင်းကြည် ပြောကြား

စာရေးဆရာကြီးတင်ညွန့်၏ ရိုးမပေါ်ကျတဲ့မျက်ရည် ဖြစ်ရပ်မှန်ဝတ္ထုကို ဇာတ်လိုက် အမည်ဖြင့် ဘိုဘိုရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထုတ်လုပ်မည့် ဇာတ်ကားကြီးတွင် ပါဝင်သရုပ်ဆောင်မည့် အကယ်ဒမီ ခိုင်သင်းကြည်က ၎င်းအနေဖြင့် ယခင်က ဖြစ်ရပ်မှန်ဇာတ်လမ်း ရိုက်ကူးမှုအတွေ့အကြုံ မရှိသေးကြောင်း ပြောသည်။

အဆိုပါရုပ်ရှင်တွင် ပါဝင်ဖြစ်ခြင်းနှင့် သရုပ်ဆောင်ရမည့်နေရာနှင့် ပတ်သက်၍ ခိုင်သင်းကြည်က ''မခိုင်က ဒီဝတ္ထုကို အကုန်မဖတ်ရသေးပါဘူး၊ ဇာတ်လမ်းအကျဉ်း ကိုတော့ ကိုပေါက်က ပြောပြတော့ ဇာတ်ကို ကြိုက်လို့ ပါဝင်သရုပ်ဆောင်ဖြစ်တာပါ၊ ကာရိုက်တာကတော့ ဖြူဖြူမြင့်ရဲ့ နေရာကပေါ့၊ ဒီ ဖြူဖြူမြင့်ဆိုတဲ့ တစ်ယောက်က အပြင်မှာလည်း လက်ရှိမှာ ရှိနေတယ်၊ သူ့ရဲ့ ဓာတ်ပုံတွေလည်း ပို့ပေးထားပါတယ်၊ ဒီနယ်မှာတော့ အချမ်းသာဆုံး၊ ချောလည်းချောတယ်ပေါ့၊ သူ့ရဲ့ ညီမလေးက ဒီကျောင်း ဆရာလေးရဲ့ တပည့်လေးပေါ့၊ ဒီကျောင်းဆရာနဲ့ ကိုယ်နဲ့ ဆုံဖြစ်ခဲ့တဲ့အကြောင်းလေး ပါတယ်၊ နှစ်ယောက်ဆုံတွေ့ခဲ့တယ်ဆိုတာကတော့ ပုံမှန်ဇာတ်လေးပါပဲ၊ ဒီဇာတ်လမ်းမှာ ဇာတ်ရဲ့ အလှည့်အပြောင်းမှာတော့ ကိုယ့်အတွက် လုပ်ကွက်လေးတွေ ရှိပါတယ်၊ ဇာတ် သိမ်းမှာ ဝတ္ထုပိုင်းနဲ့ ကွဲသွားတာလေးတွေတော့ ရှိပါတယ်။ နောက်ပိုင်း ထပ်ဖြည့်ထား တာတွေလည်း ရှိပါတယ်၊ ကိုပေါက်က ဒီ True Story ပုံစံ ရိုက်မယ်လို့ပြောတာတော့ ကြာပါပြီ၊ မခိုင်တို့ ခသုံးလုံး ထုတ်လုပ်ရေးက ဖြစ်ရပ်မှန်ဇာတ်တွေ ရိုက်ချင်တယ်လို့ စဉ်းစားမိပါသေးတယ်၊ ကိုယ်လည်း ရုပ်ရှင်တွေ ရိုက်လာတာကြာပေမယ့် ဖြစ်ရပ်မှန် မရိုက်ဖူးသေးတော့ ရိုက်ချင်တယ်''ဟု ပြောသည်။

၁၉၈၀ ခုနှစ်ခန့်က ဖြစ်ရပ်မှန်ဇာတ်လမ်းအတွက် ကြိုတင်ပြင်ဆင်ထားမှုနှင့်ပတ်သက် ၍လည်း ခိုင်သင်းကြည်က ဒီဇာတ်လမ်းက ၁၉၈၀ပြည့်နှစ် ပတ်ဝန်းကျင်ဆိုတော့ မခိုင် တို့အတွက် ခေတ်က နောက်တော့မကျတော့ဘူး၊ ရှေးခေတ်လည်း မဟုတ်ပေမယ့် မြို့ပေါ် နေထိုင်တာလည်းမဟုတ်ဘူး၊ နယ်ပုံစံမျိုး ဖြစ်နေတယ်၊ မြို့ပေါ်မှာတော့ အတွန့် အတက် တွေ၊ အဟိုက်တွေ၊ လက်ပြတ်တွေလည်း ဝတ်ဆင်နေကြပြီလေ၊ မခိုင်တို့က နယ်ဘက် တောဘက်ဆိုတော့ ဝတ်လို့မရဘူး၊ ရင်ဖုံးရင်စေ့လေးတွေ ဝတ်ဆင်ရမယ်၊ တောသူမလေး တစ်ယောက်ပေါ့၊ ရွှေတုတွေလည်း ဝယ်ထားတယ်၊ ဒီဇာတ်က ကျောင်းဆရာ၊ ဆရာမတွေရဲ့ ဇာတ်ဖြစ်ပါတယ်''ဟု ပြောသည်။
 
အကယ်ဒမီ ခိုင်သင်းကြည်အနေဖြင့် ယခင်က ဖြစ်ရပ်မှန်ဇာတ်လမ်း မရိုက်ခဲ့ဖူးခြင်းမှာ ဖြစ်ရပ်မှန်ဇာတ်လမ်းအတွက် ကမ်းလှမ်းခြင်းနှင့် မကြုံရဖူးသလို မြန်မာနိုင်ငံတွင် ဖြစ်ရပ်မှန်ရိုက်ကူးခြင်းကလည်းရှားပါးခြင်းကြောင့် ဖြစ်ကြောင်း၊ ယခုရိုက်ကူးမည့် ဇာတ်လမ်းတွင် သရုပ်ဆောင်ရမည်မှာ ပုံမှန်ကာရိုက်တာဖြစ်သော်လည်း ရိုက်ချက်နှင့် ဇာတ်လမ်းဇာတ်ကွက်များက အသစ်အဆန်းဖြစ်ကြောင်း ခိုင်သင်းကြည်ကဆိုသည်။

ကိုလင်း