ဖောင်းကတောကြိုးဝိုင်းအတွင်း မော်တော်ယာဉ်(၃)စီးနှင့် တရားမဝင် ကျွန်းသစ်များ ဖမ်းဆီးရမိ

နေပြည်တော် ၆ ဖေဖော်ဝါရီ 

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုးမိတ်မြို့နယ်၊ ဖောင်းကတောကြိုးဝိုင်း အကွက်(၃)အတွင်း၌ စစ်ဗျူဟာအဖွဲ့(အခြေချ) (မိုးမိတ်) မှ အဖွဲ့များသည် ဖေဖော်ဝါရီ ၃ ရက်က တုံဖုန်း(၆)ဘီး (အပြာရောင်)ယာဉ်၊ တုံဖုန်း (၆)ဘီး (အစိမ်းရောင်)ယာဉ်နှင့် သရီးကရောင်း(၆) ဘီး အပြာရောင်ယာဉ်တို့ပေါ်မှ တရားမဝင်ကျွန်းသစ် စုစုပေါင်း(၃၆)လုံး (၆ ဒသမ ၀၈၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး သစ်တောဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်လာပါသဖြင့်ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 

မောင်မောင်မျိုး