ဖောင်းပြင်မြို့အနီး ၃ ဒသမ ၈ အဆင့်ရှိ မြေငလျင်လှုပ်ရှား

နေပြည်တော်  ၁၆  ဇူလိုင်

 

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၁၆)ရက်နေ့၊ မြန်မာစံတော်ချိန် (၂၀)နာရီ၊ (၀၄)မိနစ်၊ (၄၇)စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၂၄)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဖောင်းပြင်မြို့၏ အနောက်တောင်ဘက် (၁၈)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၄.၀၅)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၆၅)ဒီဂရီ၊ အနက် (၇၅)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

 

#မိုးဇလ