ဖိလစ်ပိုင် မူးယစ်တိုက်ဖျက်ရေးကာလအတွင်း လူသတ်မှုအတွက် ရဲသုံးဦးကို ဖမ်းမိန့်ထုတ်

မနီလာ ၈ ဖေဖော်ဝါရီ

ဖိလစ်ပိုင်ထောင်ပေါင်းများစွာ သေဆုံးစေခဲ့တဲ့ ရက်စက်လှတဲ့ မူးယစ်တိုက်ဖျက်ရေးကာလအတွင်းမှာ ဆယ်ကျော်သက်တစ်ဦးကို အသေဖမ်းဆီးခဲ့တဲ့ ရဲသုံးဦးကို ဖေဖော်ဝါရီ ၇ ရက်မှာ ဖိလစ်ပိုင်တရားရုံးက ဖမ်းမိန့်ထုတ်လိုက်ပါတယ်။ ပထမဆုံးလူသတ်မှုဖြစ်ပြီး  ၂၀၁၇ သြဂုတ်လက ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

မနီလာ၊ ကလူးကန်ဒေသဆိုင်ရာတရားရုံးက ဖမ်းမိန့်ထုတ်လိုက်တာဖြစ်ပြီး အသက် ၁၇ နှစ်အရွယ် ကျောင်းသား ခီယင် လွိုက် ဒီးလော့စ် ဆန်းတို့စ် သေဆုံးမှုနဲ့ပတ်သက်လို့ အစိုးရရှေ့နေတွေက လူသတ်မှုအဖြစ် ပြောင်းလဲအမှုဖွင့်ခဲ့တာဖြစ်ပါတယ်။ ရဲအစီရင်ခံစာထဲမှာတော့ မူးယစ်ဆေးသုံးစွဲသူလို့ ဖော်ပြထားပါတယ်။

“ရဲတပ်ဖွဲ့ကတော့ အမိန့်အတိုင်း လိုက်နာရမှာဖြစ်ပါတယ်၊ ဖမ်းဆီးပြီး ထောင်ကို လွှဲပြောင်းပေးသွားမှာဖြစ်တယ်”လို့ ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ John Bulalacao က ပြောပါတယ်။

အဆိုပါ ရဲ သုံးဦးကို မူးယစ်ဆေးစိုက်ပျိုးမှုနဲ့လည်း တရားစွဲထားပါသေးတယ်။ ဆန်းတို့စ် ဟာ မှောင်မိုက်တဲ့လမ်းကြားတစ်နေရာမှာ ဒူးထောက်လျက်အနေအထားနဲ့  သေနက်ဒဏ်ရာကြောင့် သေဆုံးခဲ့ရတာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ကျောင်းသားဟာ မူးယစ်သုံးစွဲခြင်းမရှိဘူးလို့လည်း ဆန်းတို့စ်ရဲ့ မိဘနဲ့ အပေါင်းအသင်းတွေက ပြောကြားထားပါတယ်။

၁၉ လ ကြာမြင့်တဲ့ မူးယစ်နှိမ်နှင်းမှုကာလအတွင်း မူးယစ်ဆေးသုံးစွဲသူအဖြစ် သံသယရှိသူ လေးထောင်နီးပါး အသတ်ခံခဲ့ရပါတယ်။ ဆန်းတို့စ်ဟာ ဖမ်းဆီးရာမှာ ပူးပေါင်းပါဝင်ခြင်းမရှိဘဲ ပြန်လည်ခုခံခဲ့တာကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာတာဖြစ်ကြောင်း၊ ဒီအဖြစ်အပျက်က အရာရှိတွေရဲ့ဘဝတွေကို အန္တရာယ်ဖြစ်လာစေခဲ့ကြောင်း တရားဝင် အစီရင်ခံစာမှာ ရေးသားထားပါတယ်။

ဘာသာပြန် > မိုးမမ