ရန်ကုန် မေ ၁၈
မြန်မာ့လက်ရွေးစင်အမျိုးသားအသင်းသည် ဇွန် ၃ ရက်မှ ၉ ရက်အထိ ဖိလစ်ပိုင်နိုင်ငံ၌ကျင်းပမည့် ဖိလစ်ပိုင် သုံးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းဝင်လေ့ကျင့်လျက်ရှိသည်။
ယင်းပြိုင်ပွဲတွင် အိမ်ရှင် ဖိလစ်ပိုင်၊ မြန်မာနှင့် ဂူအမ်အသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်ပြီး သုံးသင်းပတ်လည်စနစ်ဖြင့် ကျင်းပမည်ဖြစ်သည်။ ဒေသတွင်း မီဒီယာများ၏ ဖော်ပြချက်အရ ဇွန် ၃ ရက်တွင် ဖိလစ်ပိုင်အသင်းနှင့် ဂူအမ်အသင်း၊ ဇွန် ၆ ရက်တွင် မြန်မာအသင်းနှင့် ဂူအမ်အသင်း၊ ဇွန် ၉ ရက်တွင် မြန်မာအသင်းနှင့် ဖိလစ်ပိုင်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ယင်းပြိုင်ပွဲယှဉ်ပြိုင်ရန် ပဏာမကစားသမား ၃၁ ဦးဖြင့် စခန်းဝင်လေ့ကျင့်လျက်ရှိပြီး နည်းပြချုပ်အဖြစ် ဦးမျိုးလှိုင်ဝင်းက ဆက်လက်တာဝန်ယူကိုင်တွယ်လျက်ရှိသည်။
သတင်း - ညီမြတ်သော်တာ
ဓာတ်ပုံ - MFF


