ဖိလစ်ပိုင် တောင်ပိုင်း ပြင်းအား ၅ ဒသမ ၉ ပမာဏ ငလျင်လှုပ်ခတ်

၁၆ ဇန်နဝါရီ

ဖိလစ်ပိုင် နိုင်ငံတောင်ပိုင်းတွင် ယနေ့မနက်ပိုင်းက  ပြင်းအား ၅ ဒသမ ၉ ပမာဏ အသင့်အတင့်ရှိ ငလျင်လှုပ်ခတ်ခဲ့သော်လည်း ပျက်စီးဆုံးရှုံးဖွယ်မရှိကြောင်း ငလျင်ပညာရှင်များက ပြောကြားခဲ့သည်။

အဆိုပါငလျင် မှာ ယနေ့မနက် ၄ နာရီ ၃ မိနစ်ခန့်ကအနက် ၄၈ ကီလိုမီတာ ၌ လှုပ်ခတ်ခဲ့ပြီး မင်ဒါနာအို ၏ ဒါဗာအို အရှေ့တိုင်းပြည်နယ် ရှိ ဂိုဗာနာဂျီနီရိုဆို မြို့ကမ်းလွန် အရှေ့တောင်ဘက် ၁၄၉ ကီလိုမီတာ တွင် ငလျင်ဗဟိုချက် အဖြစ်တည်ရှိခဲ့ကြောင်း ဖိလစ်ပိုင် မီးတောင်နှင့် ငလျင် ဆိုင်ရာအဖွဲ့က ဆိုသည်။

ထိုငလျင်လှုပ်ခတ်မှု အကျိုးဆက်ကြောင့် မင်ဒါနာအို တောင်ပိုင်းကျွန်းတွင် ငလျင်ထပ်မံ လှုပ်ခတ်မှုရှိနိုင်ကြောင်း ငလျင်တိုင်းတာရေးအဖွဲ့က ပြောကြားခဲ့သည်။

 ဒီဇင်ဘာလ ၂၉ ရက် နေ့က ပြင်းအား ၇ ဒသမ ၂ ပမာဏရှိ ငလျင်လှုပ်ခတ်ခဲ့ရာ ၎င်းတို့နေအိမ်များမှ လူများ ထိတ်လန့်ထွက်ပြေးခဲ့ကြသော်လည်း ပျက်စီးဆုံးရှုံးမှု မရှိခဲ့ကြောင်း သိရသည်။

ကိုးကား ဆင်ဟွာ
ဘာသာပြန် မြင့်မြင့်ချို