ဖိလစ်ပိုင်စစ်ဘက်ဆိုင်ရာ ရဟတ်ယာဉ် ပျက်ကျမှုဖြစ်ပွားသဖြင့် လူ ခြောက်ဦးသေဆုံး

ဇွန် ၂၄

 

ဖိလစ်ပိုင်လေတပ် (PAF) က လောလောလတ်လတ်ဝယ်ယူခဲ့သည့် ရဟတ်ယာဉ်များအနက် တစ်စင်းဖြစ်သော  S-70i Black Hawk ရဟတ်ယာဉ်သည် မြို့တော် မနီလာ မြောက်ပိုင်းတွင် ယမန်နေ့ညပိုင်းက ပျက်ကျခဲ့ရာ လေယာဉ်အမှုထမ်း ခြောက်ဦးသေဆုံးခဲ့သည်ဟု ယနေ့တွင် ပြောကြားခဲ့သည်။

 

ထိုရဟတ်ယာဉ်ပျက်ကျမှုတွင် အသက်ရှင်ကျန်ရစ်သူ မတွေ့ရှိကြောင်း ဖိလစ်ပိုင်လေတပ်က ပြောသည်။

 

တာလတ်ပြည်နယ် ကတ်အတ်မြို့ရှိ လေကြောင်းအခြေစိုက်စခန်းတစ်ခုမှ မိုင်အနည်းငယ်အကွာ ညပိုင်းလေကြောင်း လေ့ကျင့်မှု လုပ်ဆောင်နေစဉ် ည ၁၀ နာရီခန့်က ၎င်းရဟတ်ယာဉ် ပျက်ကျမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

ကာကွယ်ရေးဝန်ကြီး ဒယ်ဖန်လိုရန်ဇာနာက အဆိုပါ လေယာဉ်ပျက်ကျမှုတွင်  လေယာဉ်မှူး သုံးဦးနှင့် လေယာဉ်အမှုထမ်း သုံးဦးတို့ သေဆုံးခဲ့သည်ဟု သီးခြား ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

၎င်းရဟတ်ယာဉ်သည် တာလတ်ပြည်နယ် ခရိုချိုင့်ဝှမ်းတွင် ပျက်ကျခဲ့သည်ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို