မနီလာ မေ ၂၀
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မဂူဒါနာအို ဒါဆာပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းရာမှ ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သဖြင့် ဒေသခံ ၂၀၀၀၀၀ နီးပါးထိခိုက် ခံစားခဲ့ရကြောင်း အမျိုးသားသဘာဝဘေး လျှော့ချရေးနှင့် စီမံခန့်ခွဲရေးကောင်စီက မေ ၂၀ ရက်တွင် ပြောကြားသည်။
မန်ဒါနာအိုကျွန်းရှိ မြို့များတွင် မေ ၁၄ ရက်မှစတင်၍ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် မိုးကြိုးမုန်တိုင်းများ တိုက်ခတ်ခဲ့ကြောင်း ၎င်းကောင်စီက ပြောကြားည်။
၎င်းဖြစ်စဉ်များ၏ အကျိုးသက်ရောက်မှုကို မဂူဒါနာအိုဒါဆာပြည်နယ်ရှိ ဒေသခံများ ခံစားခဲ့ရပြီး ဒေသခံ ၈၉၀မှာ ခိုလှုံရေးစင်တာများတွင် နေထိုင်နေရကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ သဘာဝဘေးများကြောင့် နေအိမ်များပျက်စီးခဲ့ပြီး လမ်းနှစ်လမ်းနှင့် တံတားတစ်စင်းပျက်စီးခဲ့ကြောင်း သိရသည်။
ထို့ပြင် ၎င်းသဘာဝဘေးကြောင့် မြေပဲ၊ ပြောင်း၊ ဆန်စပါးနှင့် အခြားသီးနှံများ ပျက်စီးခဲ့သည်။
ကိုးကား-ဆင်ဟွာ၊ ဘာသာပြန် - စိုးသူရ