ဖိလစ်ပိုင်နိုင်ငံ၌ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၂၉၇ ဦး ထပ်မံတွေ့ရှိ

မနီလာ နိုဝင်ဘာ ၁၉

 

ဖိလစ်ပိုင်နိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၂၉၇ ဦး ထပ်မံစစ်ဆေးတွေ့ရှိခဲ့ရာ ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၂၈၂၁၇၅၃ ဦးရှိလာကြောင်း ဖိလစ်ပိုင်ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။

 

အလားတူ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကြောင့် ၃၀၅ ဦးထပ်မံသေဆုံးခဲ့ရာ အဆိုပါ ရောဂါကြောင့် သေဆုံးသူပေါင်း ၄၆၄၂၂ ဦးရှိလာသည်။

 

စက်တင်ဘာ ၁၁ ရက်တွင် ရောဂါကူးစက်ခံရသူ ၂၆၃၀၃ ဦးတွေ့ရှိပြီး နေ့စဉ် ကူးစက်မှုအရေအတွက်စံချိန်တင်ခဲ့သည်။ လူဦးရေ သန်း ၁၁၀ ရှိသည့် အင်ဒိုနီးရှား နိုင်ငံတွင် ယမန်နှစ် ဇန်နဝါရီလမှစပြီး လက်ရှိအချိန်အထိ ပြည်သူ ၂ သန်း ကျော်အား ရောဂါ ရှိ၊ မရှိ စစ်ဆေးမှုပြုလုပ်ပြီးဖြစ်သည်။

 

ကိုးကား- ဆင်ဟွာ၊

ဘာသာပြန်- အောင်ကျော်ကျော်