မနီလာ ဇွန် ၂
ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်း ပမ်ပန်ဂါပြည်နယ် အိန်ဂျလိစ်မြို့တွင် ဆောက်လက်စ အဆောက်အအုံပြိုကျမှုမှ သေဆုံးသူ ၂၀ အထိ မြင့်တက်လာကြောင်း ဒေသအာဏာပိုင်များက ဇွန် ၂ ရက်တွင် ပြောသည်။
ကယ်ဆယ်ရေးသမားများက အပျက်အစီးများအောက်မှ ရုပ်အလောင်းသုံးခု ထပ်မံတွေ့ရှိ သည့်အတွက် သေဆုံးသူအရေအတွက် မြင့်တက်လာခြင်း ဖြစ်သည်။ ဒေသခံမီးဘေး ကာကွယ်ရေးဌာနက အဆောက်အအုံ ပြိုကျမှုကြောင့် လူပေါင်း ၂၀ သေဆုံးကြောင်း အတည်ပြုထား သည်။ ထို့အပြင် ၂၇ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ပျောက်ဆုံးသူ မရှိတော့ကြောင်း ပြောသည်။
ယင်းအဆောက်အအုံသည် ဆောက်လုပ်ရေး လုပ်သားများ အိပ်ပျော်နေစဉ် မေ ၂၄ ရက် နံနက် ၃ နာရီဝန်းကျင်က ပြိုကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူပေါင်း ဒါဇင်နှင့်ချီ၍ အပျက်အစီးများ အောက်ပိတ်မိနေခဲ့ကြောင်း သိရသည်။
ဆင်ဟွာ


