ဖိလစ်ပိုင်နိုင်ငံ၌ စူပါတိုင်ဖွန်းမုန်တိုင်းဆာအိုလာတိုက်ခတ်မှုကြောင့် လူပေါင်း ၃၈၇၀၀၀ ကျော် ဘေးလွတ်ရာသို့ရွှေ့ပြောင်း

စက်တင်ဘာ

ဖိလစ်ပိုင်နိုင်ငံတွင် စူပါတိုင်ဖွန်းမုန်တိုင်းဆာအိုလာတိုက်ခတ်မှုကြောင့် ရေကြီးရေလျှံမှုနှင့်မြေပြိုမှုများဖြစ်ပွားခဲ့ရာ တစ်ဦးထက်မနည်းသေဆုံးပြီး လူပေါင်း ၃၈၇၂၄၂ ဦး ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ကြောင်း အစိုးရအဖွဲ့က ယနေ့တွင် ပြောကြားသည်။

အမျိုးသားသဘာဝဘေးလျှော့ချရေးနှင့်စီမံခန့်ခွဲရေးကောင်စီက ယာယီတည်းခိုရေးစခန်များတွင် လူပေါင်း ၂၁၀၀၀ ကျော် နေထိုင်နေဆဲဖြစ်သည်ဟု ဆိုသည်။

မုန်တိုင်းဆာအိုလာသည် လွန်ခဲ့သောဩဂုတ်လ ၂၇ ရက်က စူပါတိုင်ဖွန်းအဖြစ်အားကောင်းလာပြီး ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းနှင့် လူဇွန်ကျွန်းတို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်ခဲ့သည်။

မြို့တော်မနီလာအပါအဝင် ဒေသအများအပြားတွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သည်။ အပူပိုင်းမုန်တိုင်း Haikui သည် အနောက်တောင်မုတ်သုံလေအားကောင်းလာပြီး သောကြာနေ့တွင် တိုင်ဖွန်းမုန်တိုင်းအဖြစ်အားကောင်းလာသည်။

အပူပိုင်းမုန်တိုင်း Haikuiသည် ဘာတာနတ်ပြည်နယ် အရှေ့မြောက်ဘက် ၇၈၅ ကီလိုမီတာအကွာတွင် တစ်နာရီလျှင် ကီလိုမီတာ ၂၀ ဖြင့် အနောက်ဘက်သို့ဦးတည်တိုက်ခတ်ခဲ့သည်။ အပူပိုင်းမုန်တိုင်း Haikui သည် ကျွန်းစုနိုင်ငံဖြစ်သောဖိလစ်ပိုင်နိုင်ငံတွင် ယခုနှစ်အတွင်း ရှစ်ကြိမ်မြောက်ဝင်ရောက်သော တိုင်ဖွန်းမုန်တိုင်းဖြစ်သည်။ အခြားအားကောင်းသောအပူပိုင်းမုန်တိုင်းသည်လည်း ချဉ်းကပ်လာလျှက်ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို