ဖိလစ်ပိုင်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁ ဒသမ ၁၃ သန်းကျော်ရှိလာ

mdn

မနီလာ ၁၆ မေ

ဖိလစ်ပိုင်နိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၆၇၃၉ ဦးရှိခြင်း ကြောင့် နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၁၃၈၁၈၇ ဦး အထိရှိလာကြောင်း ဖိလစ်ပိုင်ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် သတင်းထုတ်ပြန်သည်။

 

ထို့ပြင် ဖိလစ်ပိုင်နိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၉၃ ဦးရှိခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၁၉၀၅၁ ဦးအထိ မြင့်တက်လာကြောင်း ဖိလစ်ပိုင်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

လက်ရှိတွင် ဖိလစ်ပိုင်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံများမှ ဆင်းခွင့်ရရှိသူစုစုပေါင်း ၁၀၆၂၄၂၇ ဦးရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိဆဲလူနာ ၅၆၇၀၉ ဦးရှိကြောင်း သိရသည်။ လူဦးရေ သန်း ၁၁၀ ခန့်ရှိသည့် ဖိလစ်ပိုင်နိုင်ငံသည် ကိုဗစ်-၁၉ ရောဂါကူးစက် ခံရမှု စတင်ဖြစ်ပွားသည့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလနောက်ပိုင်းမှစတင်ကာ ပြည်သူ များအား ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု ရှိ၊ မရှိ စစ်ဆေးပြီးသူ၁၁ ဒသမ ၇ သန်းကျော် ရှိသွားပြီဖြစ်ကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - အလင်းသစ်