ဖိလစ်ပိုင်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် ၃၈ ဦး ထပ်မံသေဆုံး

 

မနီလာ အောက်တိုဘာ ၃၀

 

ဖိလစ်ပိုင်နိုင်ငံ၌ လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် ၃၈ ဦး ထပ်မံ သေဆုံးခဲ့သည့်အတွက် အဆိုပါ ရောဂါကူးစက်မှုကြောင့် သေဆုံးသူပေါင်း ၆၄၀၃၃ ဦးရှိကြောင်း ဖိလစ်ပိုင်နိုင်ငံကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

 

အလားတူ လွန်ခဲ့သည့်တစ်ရက်အတွင်း ရောဂါကူးစက်ခံရသူ ၁၃၇၀ ထပ်မံတွေ့ရှိခဲ့ရာ ရောဂါ ကူးစက်ခံရသူပေါင်း ၄၀၀၃၄၅၉ ဦးရှိကြောင်း သိရသည်။

 

လက်ရှိတွင် ပိုးတွေ့ဆဲလူနာ ၂၀၈၂၄ ဦးရှိသည်။ ရောဂါထပ်မံ ကူးစက်ခံရသူများအနက် ၃၂၉ ဦးသည် မြို့တော်မနီလာမှ တွေ့ရှိရ ခြင်းဖြစ်သည်။

 

လက်ရှိအချိန်အထိ မြို့တော်မနီလာ၌ ရောဂါကူးစက်ခံရသူ ပေါင်း ၁၂၈၅၃၅၁ ဦးရှိကြောင်း သိရသည်။ ဖိလစ်ပိုင်နိုင်ငံ၌ ဇန်နဝါရီ ၁၅ ရက်တွင် နေ့စဉ်ကူးစက်မှုအရေ အတွက် ၃၉၀၀၄ ဦးဖြင့် စံချိန်တင်ခဲ့သည်။ လက်ရှိအချိန်အထိ ပြည်သူ ၇၃ ဒသမ ၅ သန်း ကျော်အား ကာကွယ်ဆေးအပြည့်အဝထိုးနှံ ပေးပြီးဖြစ်ကြောင်း သိရသည်။

 

ပြည်သူ သန်း ၁၁၀ ဝန်းကျင်ရှိသည့် ဖိလစ်ပိုင်နိုင်ငံ၌ ပြည်သူ ၃၂ ဒသမ ၅ သန်းကျော်အား ကိုဗစ်- ၁၉ ရောဂါကူးစက်မှု ရှိ၊ မရှိ စစ်ဆေးမှုများ ပြုလုပ်ပြီးဖြစ် ကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန်-အောင်ကျော်ကျော်