ဖိလစ်ပိုင်နိုင်ငံ၌ မုန်တိုင်းများကြောင့် သေဆုံးသူ ၂၇ ဦးအထိရှိလာ

 

မနီလာ၊ ဇန်နဝါရီ ၁၆

 

ယခုလအတွင်း ဖိလစ်ပိုင်နိုင်ငံတစ်ဝန်း မုန်တိုင်းများကြောင့် သေဆုံးသူဦးရေမှာ ၂၇ ဦးရှိလာသည်ဟု အာဏာပိုင်များက ဇန်န ဝါရီ ၁၅ ရက်တွင်ပြောသည်။ မိုးသည်းထန်စွာ ရွာသွန်းမှုများလည်း ဆက်လက်ဖြစ်ပွားနိုင်သည်ဟု ခန့်မှန်းထားသည်။

 

နိုင်ငံတောင်ပိုင်းနှင့် အလယ်ပိုင်းကျွန်းများမှာ ခရစ္စမတ်ကာလတွင် မိုးသည်းထန်စွာရွာသွန်း မှုနှင့် ရေကြီးရေလျှံမှုများကို ကြုံတွေ့ခဲ့ရသည်။ ထို့ကြောင့် လူပေါင်းရာနှင့် ထောင်နှင့်ချီ၍ နေအိမ်မှ စွန့်ခွာခဲ့ရသည်။ ယခုနှစ် အစပိုင်းမှစတင်ကာ မုန်တိုင်း သုံးခုနှင့် ကြုံတွေ့ခဲ့ရကာ ၂၇ ဦး ထက်မနည်း သေဆုံးခဲ့ရပြီး ဖြစ်သည်။

 

ရေကြီးမှုများနှင့် မိုးကြီးမှုများကြောင့် လူပေါင်း ၈၃၀၀၀ မှာ ကယ်ဆယ်ရေး စင်တာများတွင် နေထိုင်နေရပြီး နေအိမ်ပေါင်း ၁၂၀၀ ကျော်မှာ ပျက်စီးခဲ့ရသည်ဟု သိရသည်။ ဖိလစ်ပိုင်နိုင်ငံမှာ ရာသီဥတု သဘာဝဘေးဒဏ်ခံစား ရသည့် နိုင်ငံများထဲမှ တစ်ခုဖြစ် ပြီး ကမ္ဘာကြီးပို၍ပူနွေးလာပါက ပိုမိုပြင်းထန်သည့် မုန်တိုင်းများ ဖြစ်လာနိုင်သည်ဟု သိပ္ပံပညာရှင်များက သတိပေးထားကြသည်။

 

အေအက်ဖ်ပီ