ဖိလစ်ပိုင်နိုင်ငံ၌ ရောဂါကူးစက်ခံရသူ ၃၆၅၇ ဦး ထပ်မံတွေ့ရှိ 

မနီလာ ဇူလိုင် ၂၄ 

ဖိလစ်ပိုင်နိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၆၅၇ ဦး ထပ်မံစစ်ဆေးတွေ့ရှိခဲ့သည့်အတွက် ရောဂါကူးစက်ခံရသူပေါင်း ၃၇၅၂၅၃၄ ဦးရှိကြောင်း သိရသည်။ 

ရောဂါထပ်မံ ကူးစက်မှုအရေအတွက်သည် ဖေဖော်ဝါရီ ၁၂ ရက်မှစပြီး နေ့စဉ် ကူးစက်မှုအရေအတွက် အမြင့်ဆုံး တွေ့ရှိရခြင်းဖြစ်သည်။ 

ထို့ပြင် ပိုးတွေ့ဆဲလူနာအရေအတွက်သည် ၂၇၁၁၆ ဦးအထိ မြင့်တက်လာကြောင်း သိရသည်။ 

လွန်ခဲ့သော ၂၄ နာရီအတွင်း ၁၃ ဦးထပ်မံသေဆုံးခဲ့ရာ အဆိုပါရောဂါကူးစက်မှုကြောင့် သေဆုံးသူအရေအတွက် ၆၀၆၈၃ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။ လူဦးရေ ၁၃ သန်းကျော်ရှိသည့် မက်ထရိုမနီလာ၌ ရောဂါကူးစက်ခံရသူ ၁၃၂၇ ဦး စစ်ဆေးတွေ့ရှိခဲ့သည်။ 

ဇန်နဝါရီ ၁၅ ရက်တွင် နေ့စဉ်ကူးစက်မှုအရေအတွက် ၃၉၀၀၄ ဦးတွေ့ရှိရပြီး နေ့စဉ်ရောဂါကူးစက်မှုစံချိန်တင်ခဲ့သည်။  လက်ရှိအချိန်အထိ ပြည်သူ ၁၁၂ သန်းကျော်ရှိသည့်အနက် ပြည်သူ ၇၁ ဒသမ ၄ သန်းကျော်အား ကာကွယ်ဆေး အပြည့်အဝထိုးနှံပေးပြီးဖြစ်သည်။ 

ကိုးကား- ဆင်ဟွာ၊ 
ဘာသာပြန်- အောင်ကျော်ကျော်