ဖိလစ်ပိုင်နိုင်ငံ၌ တစ်ရက်အတွင်း ရောဂါကူးစက်ခံရသူ ၂၈၂၈ ဦး ထပ်မံတွေ့ရှိ

မနီလာ    ဇူလိုင်    ၂၂ 

ဖိလစ်ပိုင်နိုင်ငံ၌  တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၈၂၈ ဦး ထပ်မံစစ်ဆေးတွေ့ရှိခဲ့သည့်အတွက် ရောဂါကူးစက်ခံရသူပေါင်း ၃၇၄၁၉၈၇ ဦးရှိကြောင်း သိရသည်။ 

အဆိုပါ ရောဂါကူးစက်ခံရသူအရေ အတွက်သည် ဖေဖော်ဝါရီ ၁၃ ရက်မှစပြီး နေ့စဉ်ကူးစက်မှုအရေအတွက် အများဆုံး ဖြစ်ကြောင်း သိရသည်။ 
ထို့ပြင်    ပိုးတွေ့ဆဲလူနာအရေ အတွက်သည် ၂၂၂၀၇ ဦးအထိ မြင့်တက် လာကြောင်းနှင့် သေဆုံးသူအရေအတွက် ၆၀၆၄၁ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက ဆိုသည်။ 

လူဦးရေ ၁၃ သန်းကျော်ရှိသည့် မက်ထရိုမနီလာ၌ ရောဂါကူးစက်ခံရသူ ၁၀၀၀ ကျော် တွေ့ရှိခဲ့သည်။ 

ဇန်နဝါရီ  ၁၅   ရက်တွင်  နေ့စဉ် ကူးစက်မှုအရေအတွက်  ၃၉၀၀၄  ဦး တွေ့ရှိရပြီး နေ့စဉ်ရောဂါကူးစက်မှုစံချိန် တင်ခဲ့သည်။ လက်ရှိအချိန်အထိ ပြည်သူ ၁၁၂ သန်းကျော်ရှိသည့်အနက် ပြည်သူ ၇၁ ဒသမ ၄ သန်းကျော်အား  ကာကွယ် ဆေးအပြည့်အဝ ထိုးနှံပေးပြီးဖြစ်သည်။ 

ကိုးကား- ဆင်ဟွာ
ဘာသာပြန်- အောင်ကျော်ကျော်