ဖိလစ်ပိုင်နိုင်ငံ၌ ယာဉ်မတော်တဆဖြစ်ပွားမှုကြောင့် ငါးဦးသေဆုံး၊ ၁၃ ဦး ဒဏ်ရာပြင်းထန်စွာရရှိ

မတ် ၃၁

 

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင် ယမန်နေ့အစောပိုင်းက ခရီးသည်တင်ဘတ်စ်ကားတစ်စီးနှင့် ကုန်တင်ကားတစ်စီး တို့တိုက်မိသဖြင့် ငါးဦးသေဆုံးပြီး အခြား ၁၃ ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားသည်။

 

အဆိုပါယာဉ်မတော်တဆမှုသည် မစ်ဆာမစ် အော်ရီတယ်ပြည်နယ် ဂီတာဂမ်မြို့တွင် ဒေသစံတော်ချိန်မနက် ၃ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

ထိုယာဉ်မတော်တဆမှုကြောင့် ယာဉ်မောင်းနှစ်ဦးနှင့် ဘတ်စ်ကားပေါ်ပါခရီးသည်သုံးဦး ပွဲချင်းပြီးသေဆုံးခဲ့သည်ဟု သိရသည်။

 

ဘတ်စ်ကားသည် ဇမ်ဘိုအန်ဂါဒယ်ဆာပြည်နယ် ပါဂါဒီအန်မြို့သို့ မောင်းနှင်နေစဉ် ငါးများတင်ဆောင်ပြီး ကာဂါယန်ဒီအိုရိုမြို့သို့ဦးတည်သွားနေသောကုန်တင်ထရပ်ကားတစ်စီးနှင့် ခေါင်းချင်းဆိုင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

 

ရဲတပ်ဖွဲ့က ယာဉ်တိုက်မှုဖြစ်ပွားရသည့်အကြောင်းရင်းကိုသိရှိရန် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို