ဖိလစ်ပိုင်နိုင်ငံ၌ ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့်  သေဆုံးသူ ၂၀၅ ဦးရှိလာ

ဇူလိုင် ၁

ဖိလစ်ပိုင်နိုင်ငံတွင် ယခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဇွန်လ ၁၅ ရက်နေ့အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူ ၂၀၅ ဦးရှိလာကြောင်း ကျန်းမာရေးဌာနက ယနေ့တွင် ပြောကြားသည်။

နိုင်ငံတစ်ဝန်းတွင် ထိုကာလအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူပေါင်း ၇၇၈၆၇ ဦး ရှိရာ လွန်ခဲ့သောနှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁၅ ရာခိုင်နှုန်း မြင့်တက်လာကြောင်းနှင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု အနည်းငယ်မြင့်တက်လာကြောင်း ဖော်ပြထားသည်။

ဒေသတွင်းအစိုးရအဖွဲ့များအနေဖြင့် ခြင်ပေါက်ပွားရာနေရာများ ရှာဖွေဖျက်ဆီးရေးကို အဓိကထားလုပ်ဆောင်ကြရန် ကျန်းမာရေးဌာနတာဝန်ရှိသူတစ်ဦးက တိုက်တွန်းပြောကြားထားသည်။ မိုးလေဝသဌာနက မေလ ၂၉ ရက်က မိုးရာသီစတင်ကြောင်း ကြေညာခဲ့သည်။

သွေးလွန်တုပ်ကွေးရောဂါအပါအဝင် ရေမှတစ်ဆင့်ပေါက်ပွားကူးစက်တတ်သောရောဂါများသည် ရာသီဥတု အကူးအပြောင်းကာလ၊ ရေကြီးရေလျှံမှုများနှင့် မသန့်ရှင်းသောရေအိုင်များကြောင့် မိုးရာသီအစတွင်ဖြစ်ပွားမှု အမြင့်မားဆုံးဖြစ်သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို